SQL
SQL သည် Structured Query Language ၏ အတိုကောက် စကားလုံးဖြစ်သည်။ထိုစကားသုံးလုံးဖြင့် တိကျသော အနက်အဓိပ္ပါယ်ကို မဖော်ဆောင်နိုင်သော်လည်း မြန်မာလိုအားဖြင့် အချက်အလက်များအား စုစည်းထည့်သွင်းရယူ ထိန်းချုပ်နိုင်သော ကွန်ပျူတာဘာသာစကား ဟု ခေါ်ဆို သတ်မှတ်နိုင်မည်ဖြစ်သည်။အဓိကအားဖြင့် အပြန်အလှန် ဆက်စပ်လျှက်ရှိသော အချက်အလက်များအား စီမံညွှန်ကြားရေးစနစ် (Relational DataBase Management System - RDMS)နှင့် အပြန်အလှန် ဆက်စပ်လျှက်ရှိသော အချက်အလက်များစီးဆင်းမှု အားစီမံခန့်ခွဲရေးစနစ် (Relational Data Stream Management System - RDSMS) တို့အတွက် အဓိက ရည်ရွယ် အသုံးပြုကြသော ဘာသာစကားလည်း ဖြစ်သည်။၎င်းဘာသာစကားတွင် အချက်အလက်များကို တိကျစွာ ပုံဖော်တည်ဆောက်နိုင်သော Data defination Language(DDL)၊အချက်အလက်များကို တွက်ချက်စိစစ်နိုင်သော Data Manipulation Language (DML)နှင့် အချက်အလက်များနှင့် အသုံးပြုသူများကို ထိန်းချုပ်ကွပ်ကဲနိုင်သော Data Control Language (DCL)ဟူ၍ ပါဝင်သေးသည်။SQL သည် စာကြောင်းရေအနည်းငယ်ဖြင့် လုပ်ငန်းပြီးမြောက်စေနိုင်သော ကွန်ပျူတာဘာသာစကား မျိုးနွယ်ဝင် (4Gl - Fourth Generation Language)ဖြစ်သော်လည်း (3Gl - Tirth Generation Language) ပိုင်းဆိုင်ရာဖြစ်သည့် procedure (လုပ်ငန်းစဉ်ပြီးမြောက်ရန်ဆင့်ကဲလုပ်ဆောင်ချက်)များလည်းပါဝင်လျှက်ရှိသည်။၁၉၈၆ ခုနှစ်တွင် (ANSI)၏ စံနှုန်းတွင် သတ်မှတ်ခံရပြီး ၁၉၈၇ တွင် (ISO)၏ စံနှုန်းအဖြစ်လည်း သတ်မှတ်ခံရသည်။အခြား ကွန်ပျူတာ ပရိုဂမ် ဘာသာစကား (BASIC, C, C++, C#,Java) များကဲ့သို့အသုံးပြုခြင်းနှင့် လေ့လာရာတွင်လည်း ခက်ခဲခြင်းလည်း မရှိပေ။
သမိုင်း[ပြင်ဆင်ရန်]
၁၉၇၀ အစောပိုင်းတွင် IBM ရှိ Donald D. Chamberlin နှင့် Raymond F. Boyce တို့က SEQUEL(Structured English QUEry Language) ဟု အမည်ပေးထားသောကွန်ပျူတာဘာသာစကားကို IBM database အတွက် စဦး လုပ်ဆောင်ခဲ့ကြသည်။၁၉၇၀ နှစ်ကုန်ပိုင်းတွင် Dr. E. F. Codd ၊ Chamberlin နှင့် Boyce တို့က Relational DataBase များရှိအန္တရာယ်ရှိနိုင်သော ပြစ်ချက်များကို တွေ့ရှိခဲ့ကြပြီးနောက် Relational Software Inc. (ယခု Oracle Corporation)မှ ၄င်တို့ ကိုယ်ပိုင် SQL အသုံးပြု အပြန်အလှန် ဆက်စပ်လျှက်ရှိသော အချက်အလက်များအား စီမံညွှန်ကြားရေးစနစ် ကို အမေရိကန် ရေတပ်နှင့်အစိုးရအဖွဲ့အစည်းများအား ရောင်းချခဲ့သည်။ထို့နောက်တွင်မှ SQL ၏ ဖွံ့ဖြိုးမှုသည်လည်းတိုးတက်လာခဲ့သည်။

Formed in 2009, the Archive Team (not to be confused with the archive.org Archive-It Team) is a rogue archivist collective dedicated to saving copies of rapidly dying or deleted websites for the sake of history and digital heritage. The group is 100% composed of volunteers and interested parties, and has expanded into a large amount of related projects for saving online and digital history.
